ထားဝယ် - ရေးလမ်းပိုင်းပေါ်ရှိလမ်းပို်င်းပြတ်ကျပြီး ဆက်သွယ်မှုပြတ်တောက်သွားသောနေရာများတွင် ဘေလီတံတားတပ်ဆင်ရန် အချိန်ခြောက်ရက်ခန့် ကြာမြင့်နိုင်မည်ဟုဆို
တနသာင်္ရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်အစပ်ရှိ မလွှဲတောင်ပေါ်က ထားဝယ် - ရေးလမ်းပိုင်းပေါ်ရှိ လမ်းပို်င်းပြတ်ကျသွား ခဲ့လို့ ဆက်သွယ်မှုပြတ်တောက်သွားတဲ့နေရာတွေကို ဘေလီတံတားတပ်ဆင်ဖို့ လမ်းအထူးအဖွဲ့ကသွားရောက်နေပြီး တံတား တပ်ဆင်ဖို့ ပြီးစီးဖို့ အချိန်ခြောက်ရက်ခန့် ကြာမြင့်နိုင်တယ်လို့ တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်က ၎င်းရဲ့ လူမှုကွန်ရက် ဖေ့ ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။