မွန်ပြည်နယ် ရေဘေးရန်ပုံငွေအတွက် ကဗျာဆရာများကိုယ်တိုင်ရေးသားထားသော လက်ရေးမူနှင့် ပန်းချီများ ရောင်းချပွဲပြုလုပ်
မွန်ပြည်နယ်မှာ ရေဘေးအန္တရာယ်ခံစားနေရတဲ့ ဒေသခံတွေအတွက် ရန်ပုံငွေရရှိဖို့ ကဗျာဆရာ တွေရဲ့ လက်ရေးမူတွေနဲ့ ပန်းချီတွေ ရောင်းချပွဲ ကို ကဗျာဆရာသမဂ္ဂကဦးစီးကာ သြဂုတ်လ ၁၂ရက်မှစတင်ပြီး သုံးရက်တိုင် ရောင်းချလျက်ရှိပါတယ် ။သြဂုတ်လ ၁၂ရက်နေ့ရောင်းချမှုအရ ကဗျာလက်ရေးမူနဲ့ ပန်းချီရောင်းချရရှိမှုနဲ့ သီးသန့်အလှူငွေ ကျပ်၃၉သိန်းကျော် ရရှိထားတယ်လို့ သိရပြီး ငွေလွှဲတွေလည်းရရှိထားတယ်လို့ သိရပါတယ်။ ရေဘေးအလှူအတွက် ပန်းချီဆရာတွေကလည်း သြဂုတ် ၁၄ရက်နေ့မှစတင်ကာ ပန်းချီကားတွေကိုငါးရက်ကြာရောင်းချသွားမယ်လို့ သိရပါတယ်။