ကရင့်အာဇာနည်နေ့အခမ်းအနားများကို ကရင်ပြည်နယ်နှင့် ကယားပြည်နယ် ရှိ နေရာအချို့တွင်ကျင်းပပြုလုပ်ခဲ့ပြီး ဟသာင်္တတွင် အာဇာနည်နေ့ ခေါင်းစဉ်ဖြင့်ထည့်သွင်းကျင်းပခွင့်မရခဲ့
၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို သြဂုတ်လ ၁၂ ရက်နေ့က ကရင်ပြနယ်နှင့်ကယားပြည်နယ်တွေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၏ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ ဒေသကွပ်ကဲရေးတပ်၊ အတွင်းကွင်းကလေး ခရစ်ယန်အသင်းကျောင်းဝင်း ခမ်းမမှာ ကျင်းပ ပြုလုပ်ခဲ့ရာ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ တက်ရောက်ခဲ့ပါတယ်။