မြေပြိုမှုမှ မွေးကင်းစ ကလေးငယ်လေးကို ကယ်ထုတ်နိုင်ခဲ့

မြေပြိုမှုမှ မွေးကင်းစ ကလေးငယ်လေးကို ကယ်ထုတ်နိုင်ခဲ့
Published 12 August 2019

ရှင်မော်ဘုရားတောင်ပေါ်၌ မြေပြိုကျ၍ ပိတ်မိနေသူများထဲမှ ၁၅ ရက်သားမွေးကင်းစကလေးငယ်ပါ ၇ ဦးကို ကယ်ထုတ် 
တနသာၤရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ရှင်မော်တောင်ကြောတစ်လျှောက်မှာ မိုးသည်း ထန်စွာ ရွာသွန်းပြီး မြေပြိုမှုတွေဖြစ်ပွားမှုကြောင့် ပိတ်မိနေသောဒေသခံများအနက် ၁၅ ရက်သား မွေးကင်းစ ကလေးငယ်ပါ ၇ ဦးကို သြဂုတ် ၁၁ ရက် ညနေပိုင်းမှာ တောင်ပေါ်ကနေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။