စစ်တောင်းမြစ်၊ သံလွင်မြစ်တို့မှာ  စိုးရိမ်ရေမှတ်အထက်သို့ ပြန်လည်ရောက်ရှိနိုင်

စစ်တောင်းမြစ်၊ သံလွင်မြစ်တို့မှာ  စိုးရိမ်ရေမှတ်အထက်သို့ ပြန်လည်ရောက်ရှိနိုင်
Published 12 August 2019

မိုးရွာသွန်းမှုကောင်းလာသဖြင့် စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ရွှေကျင်မြစ်၊ ဘီးလင်းမြစ်များမှာ စိုးရိမ်ရေမှတ်အထက်သို့ ပြန်လည်ရောက်ရှိနိုင်ဟု မိုး/ဇလတာဝန်ရှိသူ ခန့်မှန်းပြောကြား  
စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ရွှေကျင်မြစ်၊ ဘီးလင်းမြစ် များမှာ စိုးရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းလာပြီးနောက်  မိုးရွာသွန်းမှုကောင်းလာတာကြောင့် စိုးရိမ်ရေမှတ် အထက်သို့ ပြန်လည်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်
ဦးကျော်မိုးဦးကပြောပါတယ်။