မူဆယ်မြို့ နမ့်တောင်းကျေးရွာ အထက(ခွဲ)ကျောင်းတွင် ကျောင်းသား ၁၆ ဦးကို မစင်သုတ်လိမ်းအပြစ်ပေးခဲ့သော ဆရာမအား အရေးယူပေးရန် မိဘများက ပြည်နယ်ပညာရေးရုံးထံ တိုင်ကြားထားဟုသိရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ နမ့်တောင်းကျေးရွာ အထက(ခွဲ)ကျောင်းမှာတက်ရောက်နေတဲ့ စတုတ္ထတန်း ကျောင်းသား ၁၆ ဦးကို မစင်သုတ်လိမ်းအပြစ်ပေးခဲ့တဲ့ ဆရာမအား အရေးယူပေးဖို့ မိဘတွေက ပြည်နယ် ပညာရေးရုံးထံ တိုင်ကြားထားတယ်လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကူညီပေးသူနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားလှယ် စိုင်းကျော်သိန်းကပြောပါတယ်။