ရေရှည်တွင်ငလျင်ဘေးအန္တရာယ်မှာအကြီးမားဆုံး သဘာဝဘေးဖြစ်မည်ဟုပညာရှင်များကယူဆထား၍ ကြိုတင် ပြင်ဆင်မှုများလုပ်ထားရန် ဒုသမ္မတ(၂) တိုက်တွန်း
မြန်မာနိုင်ငံတွင်ကျရောက်နိုင်တဲ့သဘာဝဘေးအန္တရာယ်ကြီးများအနက်ရေရှည်မှာငလျင်ဘေးအန္တရာယ်ဟာအကြီးမားဆုံးဖြစ်မယ်လို့ ပညာရှင်များကယူဆထားလို့ ရင်ဆိုင်တုံ့ပြန်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများလုပ်ထား ကြဖို့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊နိုင်ငံတော်ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူကတိုက်တွန်းပြောကြားပါတယ်။