ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာအိမ်ရာရှိနေအိမ်များ ကို သက်ဆိုင်ရာက ရှင်းလင်း ဖယ်ရှားစဉ် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့
မြေယာအငြင်းပွားမှုဖြစ်ပွားလျက်ရှိတဲ့ သင်္ဃန်းကျွန်းမြို့နယ် မင်္ဂလာအိမ်ရာရှိ နေအိမ်တွေကို ဒီကနေ့ သြဂုတ်၄ရက် နံနက်ပိုင်းက သက်ဆိုင်ရာက လာရောက်ဖယ်ရှားရှင်းလင်းခဲ့ချိန်မှာ ဖယ်ရှားမှုကိုလက်မခံတဲ့ နေအိမ်အချို့က နေထိုင်သူတွေနဲ့ ဖယ်ရှားသူတွေအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။