ကားဝယ်စီးမည်ဆိုပါက ထားမည့်နေရာအား စဉ်းစားဖို့ လိုပြီး အများပြည်သူသွားလမ်းမကြီးများကို ကားဂိုထောင်အဖြစ် အသုံးပြုခြင်းသည် မဖြစ်သင့်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောကြား
ကားဝယ်စီးနိုင်တဲ့သူတွေအနေနဲ့ ကားဝယ်စီးမယ်ဆိုပါက ကားထားမယ့်နေရာကိုစဉ်းစားထားဖို့လိုအပ်မှာဖြစ်ပြီး အများပြည်သူသွားလမ်းမကြီးတွေကို ကားဂိုထောင်အဖြစ်အသုံးပြုတာဟာ မဖြစ်သင့်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့့ပါတယ်။