ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်းနှင့် အပြင် အချိန်ကိုက် လုပ်ဆောင်ရမည်ဖြစ်ပြီး အကြမ်းမဖက်သည့်နည်းလမ်းနှင့် အဆင့်တန်းရှိရှိ နိုင်ငံရေးပုံစံဖြစ်ရမည်ဖြစ်ကြောင်း ဦးမင်းကိုနိုင်ပြောကြား
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်းနှင့် အပြင် အချိန်ကိုက်လုပ်ဆောင်ရမည်ဖြစ်ပြီး အကြမ်းမဖက်သည့် နည်းလမ်းနှင့် အဆင့်အတန်းရှိရှိ နိုင်ငံရေးပုံစံ ဖြစ်ရမည်ဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်ကပြောပါတယ်။