ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေစေရန် ရန်ကုန်တိုင်းအစိုးရက မြေဧက ထောင်ချီရောင်းချပေးမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော

ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေစေရန် ရန်ကုန်တိုင်းအစိုးရက မြေဧက ထောင်ချီရောင်းချပေးမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော
Published 25 July 2019

ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေဧက ထောင်ချီ ရောင်းချ ပေးမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအတွက် ရန်ကုန်မြို့ဟာ အာရှနိုင်ငံများအတွင်း ရွေးချယ်နိုင်စရာ နေရာတစ်ခုဖြစ်လာစေရန်မျှော်မှန်းထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ပါတယ်။