ရေတာရှည်မြို့နယ်၊ စိုင်တမော့ကြီးကျေးရွာမှ မြေဧက ၂၇၀ အား စားကျက်မြေအဖြစ် ပြန်လည်ရရှိရေး ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စု၊ စိုင်တမော့ကြီးကျေးရွာ ကွင်းအမှတ် (၈) က မြေဧက ၂၇၀ ကို ကျွဲ၊ နွား စားကျက်မြေအဖြစ် ပြန်လည်ရရှိဖို့ ဒေသခံတွေက ရေတာရှည်မြို့ပေါ်မှာ ဇူလိုင်လ ၂၂ ရက်က ဆန္ဒထုတ် ဖော်ခဲ့ကြပါတယ်။