တစ်နိုင်ငံလုံးတွင် ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် သေဆုံးသူ ၆၅ ဦးအထိ ရှိနေပြီး ရန်ကုန်တိုင်းတွင် သေဆုံးသူ ၅၂ ဦး ရှိနေ
မြန်မာတစ်နိုင်ငံလုံးမှာ ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် သေဆုံးသူ နေ့စဉ်မြင့်တက်နေပြီး ဇူလိုင်လ ၂၁ ရက်အထိ သေဆုံးသူ ၆၅ ဦးအထိ ရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။