မြစ်ရေတက်မှုများကြောင့် အင်းဝမြို့ဟောင်းအတွင်း ရေဝင်ရောက်မှုများရှိနေပြီး မြို့ရိုးဟောင်းကျိုးပြတ်မှုများ မဖြစ်စေရေး ကာကွယ်မှုများ ပြုလုပ်ထားရ
ဧရာဝတီမြစ်နဲ့ ဒုဋ္ဌဝတီ မြစ်ရေမြင့်တက်မှုများကြောင့် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ ဟောင်းအတွင်း ရေဝင်ရောက်မှုများရှိနေကာ မြို့ရိုးဟောင်းကျိုးပြတ်ပြီး ရှေးဟောင်းသာသနိက အဆောက် အဦများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်မှုများ ပြုလုပ်ထားရတယ်လို့ သိရပါတယ်။