ရှမ်းပြည်နယ်၊ အောင်ပန်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ယာဉ်ထိန်းရဲတစ်ဦး သေဆုံး
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ အောင်ပန်း - ကလောသွားလမ်းပေါ်မှာ မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ် တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့တယ်လို့ အောင်ပန်း နာရေးကူညီမှုအသင်းထံက သိရပါတယ်။