ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီ မြစ်ရေမြင့်တက်မှုကြောင့် အမရပူရမြို့နယ်ရှိ ကျေးရွာ ၁၅ အုပ်စုခန့် ရေဝင်ရောက်
ဧရာဝတီမြစ်ရေ မန္တလေးရေအမှတ်နှင့် ဒုဋ္ဌဝတီမြစ် မြစ်ငယ်မြို့ ရေအမှတ်များမှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး မြစ်ရေမြင့်တက်မှုကြောင့် အမရပူရမြို့နယ်အတွင်းရှိ ပုံမှန်ရေဝင်ရောက်လေ့ရှိသော ကျေးရွာ ၁၅ အုပ်စုခန့် ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိကြောင်း အမရပူရမြို့နယ် မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။