စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးမှုတွင် ဝန်ထမ်းအချို့မှ ဒဏ်ကြေးများ လျော့ပေါ့ တောင်းယူပြီး ၄င်းတို့၏ အိတ်ထဲ ရောက်ခြင်းကြောင့် နိုင်ငံတော်မှရသင့်သည့် ဘဏ္ဍာများ နစ်နာနေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
ယာဉ်စည်းကမ်း စစ်ဆေးရေးအဖွဲ့များမှ ယာဉ်ကို ဖမ်းဆီးစစ်ဆေးတဲ့ နေရာမှာတင် ဒဏ်ကြေးလျော့တောင်းယူကာ ဝန်ထမ်းတွေရဲ့ အိတ်ထဲ ရောက်ရှိသွားတာကြောင့် နိုင်ငံတော်မှ ရသင့်တဲ့ ဘဏ္ဍာများ နစ်နာမှုတွေဖြစ်ပေါ်နေရတယ်လို့ မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားခဲ့ပါတယ်။