စင်ကာပူချန်ဂီလေဆိပ်တွင် ဒရုန်းတွေ့ရှိမှုများကြောင့် လေယာဉ်ခရီးစဉ်အချို့ နှောင့်နှေးခဲ့

စင်ကာပူချန်ဂီလေဆိပ်တွင် ဒရုန်းတွေ့ရှိမှုများကြောင့် လေယာဉ်ခရီးစဉ်အချို့ နှောင့်နှေးခဲ့
Published 26 June 2019

ဒရုန်းတွေ တွေ့ရှိခဲ့မှုနဲ့ ရာသီဥတုအခြေအနေ မကောင်းမှုတဲ့ ဖြစ်စဉ်တွေကြောင့် စင်ကာပူနိုင်ငံရဲ့ အဓိက လေဆိပ်ဖြစ်တဲ့ ချန်ဂီလေဆိပ်မှာ ဇွန်လ ၂၄ ရက်ညပိုင်းက လေယာဉ်ခရီးစဉ်အချို့ နှောင့်နှေးမှုတွေနဲ့ လမ်းကြောင်းပြောင်း ပျံသန်းခဲ့ရမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။