ပြည်သူနှင့် လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေဘောင်အတွင်းက ရောင်းဝယ်ဖောက်ကား ထုတ်လုပ်မှု လုပ်ငန်းများကို ဥပဒေနဲ့အညီ ယှဉ်ပြိုင်ဖို့ လိုအပ်လာပြီဖြစ်ကြောင်း စီး/ကူးဝန်ကြီး ပြောကြား
မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေမှာ ပါဝင်တဲ့ လုပ်ငန်းတွေကို အကောင်အထည် ဖော်ဖို့အတွက် ယှဉ်ပြိုင်မှုကော်မရှင်ကို ဖွဲ့စည်းထားပြီး ပြည်သူနှင့် လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ထားတဲ့ ဥပဒေဘောင်အတွင်းက ရောင်းဝယ်ဖောက်ကား ထုတ်လုပ်မှု လုပ်ငန်းများကို ဥပဒေနဲ့အညီ ယှဉ်ပြိုင်ဖို့ လိုအပ်လာပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်က ပြောကြားခဲ့ပါတယ်။