ဒဂုံတောင် ၁၀၆ရပ်ကွက်တွင် လူစုလူဝေးဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှ ဖမ်းဝရမ်းထုတ်ခံထားရသည့် မိုက်ကယ်ကျော်မြင့်အား ဝမ်းတွင်းမြို့နယ်တွင်ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၀၆ရပ်ကွက်မှာ လူစုလူဝေးဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှ ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မိုက်ကယ်ကျော်မြင့်ကို ယနေ့ဇွန်လ ၁ဝရက်နေ့ မွန်းလွဲပိုင်းက မိတ္တီလာခရိုင်၊ဝမ်းတွင်းမြို့နယ်၊ကုန်းကန်ကျေးရွာရှိ ၄င်းရဲ့ ယောက္ခမ နေအိမ်မှာ လာရောက်တိ််မ်းရှောင်နေစဉ်ဖမ်းဆီးရမိခဲ့ပါတယ်။