နယ်သာလန်နိုင်ငံ FMO နှင့် IGD Bank မှ ယူရို ၂၉.၉၆သန်းချေးယူရန်ကိစ္စနှင့် ကမ္ဘာ့ဘဏ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူရန်ကိစ္စများကို ပြည်ထောင်စုလွှတ်တော်အတည်ပြု
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှာ ရေပေးဝေရေးဆောင်ရွက်ဖို့အတွက်နယ်သာလန်နိုင်ငံ FMO နဲ့ IGD Bank ထံမှ ယူရို ၂၉.၉၆သန်းချေးယူရန်ကိစ္စ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် ၂ နှစ်အောက် ကလေးသူ ငယ်တွေကို ငွေကြေးထောက်ပံ့ဖို့အတွက် ကမ္ဘာ့ဘဏ်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ IDA ထံမှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ချေးငွေရယူရန်ကိစ္စတို့ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။