ရန်ကုန်တိုင်းအစိုးရ၏ E-Government လုပ်ငန်းစဉ်ထဲမှ System တစ်ခုတည်းကြောင့်ပင် တစ်နှစ်ကျော်အတွင်း ငွေကျပ် သန်း ၄၀၀၀ ကျော် သက်သာစေခဲ့ဟု ဝန်ကြီး နော်ပန်းသဥ္ဇာမျိုးဆို
ရန်ကုန်တိုင်းအစိုးရ၏ E-Government လုပ်ငန်းစဉ်ထဲမှာပါဝင်တဲ့ Hotel Guest List Data Base System တစ်ခုတည်းမှာတင် တစ်နှစ်ကျော်အတွင်း ကျပ်သန်း ၄၀၀၀ ထက်မကတဲ့ အချိန်တွေ၊ ငွေတွေ သက်သာစေ ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးက ပြော ပါတယ်။