နယ်ကျော်ကျောင်းအပ် လက်ခံမှုမပြုခြင်းမှာ ကျောင်းနေမည့် လူအရေအတွက်နှင့် လက်ခံနိုင်သည့်နေရာ ကွာဟမှုကြောင့် မျှမျှတတဖြစ်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ဟု ပညာရေးဒုဝန်ကြီး ပြောကြား

နယ်ကျော်ကျောင်းအပ် လက်ခံမှုမပြုခြင်းမှာ ကျောင်းနေမည့် လူအရေအတွက်နှင့် လက်ခံနိုင်သည့်နေရာ ကွာဟမှုကြောင့် မျှမျှတတဖြစ်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ဟု ပညာရေးဒုဝန်ကြီး ပြောကြား
Published 6 June 2019

နယ်ကျော်ဒေသကျော် ကျောင်းအပ်လက်ခံခြင်း မပြုဖို့အတွက် ယခင်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခုနှစ်မှာ စည်းကမ်းပိုမို တင်းကြပ်လိုက်ခြင်းသာဖြစ်ပြီး ကျောင်းနေမယ့် လူအရေအတွက်နဲ့ လက်ခံနိုင်တဲ့ နေရာကွာဟမှုကြောင့် မျှမျှတတဖြစ်အောင် စဉ်းစားပေးဖို့ လိုအပ်တဲ့အတွက် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။