ဘဏ္ဍာနှစ်ပြောင်းလဲသော်လည်း ဌာနတွင်းလိုက်ပါဆောင်ရွက်နိုင်မှု အားနည်းမှုများကြောင့် တည်ဆောက်ရေး လုပ်ငန်းအများစု မစတင်နိုင်ခြင်းကို ဝန်ကြီးဌာနအလိုက် သုံးသပ်ပြင်ဆင်သင့်ကြောင်း မှတ်ချက်ပြု
နိုင်ငံပိုင်တည်ဆောက်ရေးလုပ်ငန်းများကိုပွင့်လင်းရာသီတစ်လျှောက် အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့ ဘဏ္ဍာ ရေး နှစ်အပြောင်းလဲသတ်မှတ်ခဲ့ပေမယ့် ဘဏ္ဍာရေးစည်းမျဉ်နဲ့ တင်ဒါလုပ်ထုံးလုပ်နည်းတွေ ဌာနတွင်း လိုက်ပါ ဆောင်ရွက်နိုင်မှု အားနည်းမှုတွေကြောင့်တည်ဆောက်ရေးလုပ်ငနး်အများစု လုပ်ငန်းမစနိုင်ခြင်းအပေါ် သက် ဆိုင်ရာဝန်ကြီးဌာနတွေအလိုက် လေ့လာသုံးသပ်ပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်သင့်တယ်လို့ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီက သဘောထားမှတ်ချက်ပြုခဲ့ ပါတယ်။