စစ်သွေးကြွနှိမ်နင်းရေးလှုပ်ရှားမှုအတွင်း သီရိလင်္ကာက သံသယရှိသူ ၁၀၀ နီးပါးကို ဖမ်းဆီး

စစ်သွေးကြွနှိမ်နင်းရေးလှုပ်ရှားမှုအတွင်း သီရိလင်္ကာက သံသယရှိသူ ၁၀၀ နီးပါးကို ဖမ်းဆီး
Published 28 May 2019

လူ ၂၅၈ ဦး သေဆုံးခဲ့တဲ့ အီစတာပွဲတော်နေ့ အသေခံဗုံးခွဲမှုကို လုပ်ဆောင်ခဲ့တဲ့ အစ္စလာမ်အဖွဲ့ရဲ့ လက်ကျန်စစ်သွေးကြွ တွေကို လေးရက်ကြာရှာဖွေမှုလုပ်ဆောင်နေစဉ်အတွင်း သီရိလင်္ကာစစ်တပ်ဟာ သံသယရှိသူ ၁၀၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း တာဝန်ရှိသူတွေက မေလ ၂၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။