မုံရွာမြို့ ကမ္ဘောဇဘဏ် (၁) တွင် ငွေကျပ် သိန်း ၉ဝဝကျော် အပ်နှံထားရာ မည်သည့်အခါမျှပိုက်ဆံထုတ်ခြင်းမရှိဘဲ စာအုပ်ထဲတွင် သိန်း ၄၀၀ ကျော်သာ ကျန်ရှိသည့်ကိစ္စနှင့်ပတ်သက်ပြီး နစ်နာသူမှ သတင်းစာရှင်းလင်း

မုံရွာမြို့ ကမ္ဘောဇဘဏ် (၁) တွင် ငွေကျပ် သိန်း ၉ဝဝကျော် အပ်နှံထားရာ မည်သည့်အခါမျှပိုက်ဆံထုတ်ခြင်းမရှိဘဲ စာအုပ်ထဲတွင် သိန်း ၄၀၀ ကျော်သာ ကျန်ရှိသည့်ကိစ္စနှင့်ပတ်သက်ပြီး နစ်နာသူမှ သတင်းစာရှင်းလင်း
Published 28 May 2019

မုံရွာမြို့ ကမ္ဘောဇဘဏ် (၁) မှာ ကာယကံရှင်နစ်နာသူ ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာမှာနေထိုင်တဲ့ ဦးကိုဦးဆိုသူက ငွေ ကျပ် သိန်း ၉၀၀ ကျော် အပ်နှံထားရာကနေ ဘယ်တုန်းကမှ ထုတ်ယူခြင်းမရှိသေးဘဲ ငွေကျပ် သိန်း ၄၀၀ ကျော်သာ ကျန်ရှိ တော့တဲ့ကိစ္စနဲ့ပတ်သက်ပြီး မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက Chindwin Institute ရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ် ။