ထမင်းအသက် ခုနှစ်ရက် ရေအသက် တစ်မနက်ဟု ဆိုရိုးစကားရှိပါတယ်။ လူတစ်ဦးဟာ ထမင်းခုနှစ်ရက် မစားဘဲ အသက်ရှင်နေထိုင်နိုင်ပေမဲ့ ရေမသောက်ရပဲနဲ့တော့ တစ်မနက်တောင်မှ နေထိုင်ဖို့ ခက်တယ်လို့ ဆိုခဲ့တာပါ။ သစ်တောပြုန်းတီးမှု ကမ္ဘာကြီးပူနွေးလာခြင်းနှင့် အတူတူ မြန်မာနိုင်ငံ အနှံမှာလည်း ယခုနှစ် နွေရာသီဟာ ယခင်နှစ်များထက် ပိုမို အပူရှိန် ပူပြင်းပြင်းထန်လွန်းလှပါတယ်။ နေပူရှိန်မြင့်မားမှုနှင့် အတူ အထက်အညာဒေသများနှင့် ပင်လယ်ကမ်းနီး ရေချိုမရရှိတဲ့ ဒေသများသာမက မြန်မာနိုင်ငံအနှံ တိုင်းဒေသကြီး ပြည်နယ် မြို့နယ်အသီးသီးမှာ သောက်သုံးရေ ရှားပါးမှုကို ကြုံတွေ့လာရပါတော့တယ်။ အဆိုးဆုံးဝါးကြုံတွေ့နေရတဲ့ ဒေသတွေကတော့ အထက်အညာဒေသများနှင့် ရေငံဒေသဖြစ်တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်က ပင်လယ်ကမ်းနီးကျေးရွာများပါပဲ။
“နွေမှာ ရေကိုမလိုစေလို”(Featureရုပ်သံ)
Most Viewed
Most Recent
20 hours ago
1 day ago
6 days ago
1 week ago
1 week ago
1 week ago








