.သွားလာရေးခက်ခဲသောဒေသများနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခြောက်ခုမှတက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား မူလဝင်ခွင့်ပြုအနိမ့်ဆုံးရမှတ်အောက် လျော့ပေါ့၍ဆေးတက္ကသိုလ်များသို့ဝင်ခွင့်ပြုထားဟုပညာရေးဒုဝန်ကြီးပြော
သွားလာရေးခက်ခဲသောဒေသတွေနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခြောက်ခုတို့မှတက္ကသိုလ်ဝင်တန်းအောင်မြင်သူတွေကို မူလ ဝင်ခွင့်ပြု အနိမ့်ဆုံးရမှတ်အောက်လျော့ပေါ့ပြီး ဆေးတက္ကသိုလ်တွေကိုဝင်ခွင့်ပြုထားတယ်လို့ ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းရဲ့ပြောကြားချက်အရသိရပါတယ်။