မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ သန်းမြှုပ်နှံထားပြီး SKD စနစ်ဖြင့် ထုတ်မည့် Daewoo ဘတ်စ်ကားများကို မတ်လတွင် စတင်ထုတ်လုပ်မည်

မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ သန်းမြှုပ်နှံထားပြီး SKD စနစ်ဖြင့် ထုတ်မည့် Daewoo ဘတ်စ်ကားများကို မတ်လတွင် စတင်ထုတ်လုပ်မည်
Published 1 March 2019

ပြည်တွင်းသို့ အစိတ်အပိုင်းများ တင်သွင်းပြီး တပ်ဆင်ထုတ်လုပ်သည့် SKD (Semi Knock Down) စနစ်နဲ့ တပ်ဆင် ထုတ်လုပ် မယ့် အမေရိကန်ဒေါ်လာ ၁၀ သန်းရင်းနှီးမြှုပ်နှံထားတဲ့ Daewoo Bus Myanmar ကုမ္ပဏီရဲ့ Daewoo ဘတ်စ်ကားတွေကို မတ်လမှာ စတင်ထုတ်လုပ်မှာဖြစ်ပြီး နှစ်စဉ်အစီးရေ ၅ဝဝခန့်ကို ရန်ကုန်လိုင်စင်နဲ့ ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။