ဖမ်းဆီးခံရသော ပန်းဆေးပြည်သူ့စစ်ဒုခေါင်းဆောင် ပြန် လည်လွတ်မြောက်

ဖမ်းဆီးခံရသော ပန်းဆေးပြည်သူ့စစ်ဒုခေါင်းဆောင် ပြန် လည်လွတ်မြောက်
Published 16 April 2022

TNLA နှင့် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့တို့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့စဉ် ဖမ်းဆီးခံရသော ပန်းဆေးပြည်သူ့စစ်ဒုခေါင်းဆောင် ပြန် လည်လွတ်မြောက် (ရုပ်သံ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ်းခမ်းမြို့နယ်၊ တာကွန်ကျေးရွာနဲ့ နုံအံလို (ခ) နောင်အန်ရွာအထက်ပိုင်းမှာ ဧပြီ ၇ ရက် နံနက် ၁၁ နာရီခန့်က တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့တို့ ထိတွေ့တိုက် ခိုက်မှုဖြစ်ပွားခဲ့စဉ် ဖမ်းဆီးခံခဲ့ရတဲ့ ပန်းဆေးပြည်သူ့စစ်ဒုတိယခေါင်းဆောင်ဟာ ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ပြန်လည် လွတ်‌မြောက်လာတယ်လို့ သိရပါတယ်။