ဒေါ်အောင်ဆန်းစုကြည်အား ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်အရ အဂတိဖြင့် တရားစွဲထားသည့် အမှုဖြင့် စွဲချက်တင်
ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများ လဒ်ငွေအဖြစ် ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်တင်လိုက်သည့် အမိန့်ကို ရုံးတော်မှ ချမှတ်ခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရပါတယ်၊