အတိုင်ပင်ခံ၏သဘာဝဘေးအမှုအတွက် ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆိုမည့်ကိစ္စဒီဇင်ဘာ ၆ ရက်တွင် အမိန့်ချမည်

အတိုင်ပင်ခံ၏သဘာဝဘေးအမှုအတွက် ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆိုမည့်ကိစ္စဒီဇင်ဘာ ၆ ရက်တွင် အမိန့်ချမည်
Published 30 November 2021

အတိုင်ပင်ခံအား သဘာဝဘေးဖြင့် တရားစွဲဆိုထားသည့်အမှုအတွက် သက်သေအဖြစ် ဒေါက်တာဇော်မြင့်မောင် လာရောက်ထွက်ဆိုရန်ကိစ္စနှင့်ပတ်သက်၍ ဒီဇင်ဘာ ၆ ရက် ရုံးချိန်းတွင် အမိန့်ချမည်

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဦးညီညီ(ခ)ဦးထွန်းမြင့်အောင်၏ တိုင်ကြားချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် တရားရုံးသို့လာရောက်၍ သက်သေထွက်ဆိုရန်ကိစ္စနှင့်ပတ်သက်၍ ဒီဇင်ဘာ ၆ ရက် ရုံးချိန်းတွင် အမိန့်ချမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရပါတယ်