ကျိုက်နဲရေလယ်ဘုရားပွဲတွင် လှိုင်းရိုက်ခတ်ခြင်းကြောင့် သေဆုံးခဲ့သည့် အမျိုးသားတစ်ဦးအလောင်း ထပ်မံတွေ့ရှိ
သံဖြူဇရပ်မြို့နယ် ကျိုက်နဲ ရေလယ်ဘုရားပွဲမှာ ဘုရားဖူးတွေ တိုးဝှေ့ခြင်းနဲ့ ပင်လယ်ရေလှိုင်းရိုက်ခတ်ခြင်းကြောင့် သေဆုံးခဲ့သူ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၂ ရက်မနက် ၁၀ နာရီခန့်က ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ လူမှုကူညီ ကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။