ခရမ်းချဉ်သီးသေတ္တာများအတွင်း သိုဝှက်သယ်ဆောင်လာသည့် ကျပ် ၄ ဒသမ ၁၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီး ရမိ
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းအတွင်း ခရမ်းချဉ်သီးသေတ္တာတွေအတွင်း သိုဝှက်သယ် ဆောင်လာတဲ့ငွေကျပ် ၄ ဒသမ ၁၄ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၂ ဒသမ ၇၆ သန်းကို ဆယ်ဘီးမော်တော်ယာဉ် တစ်စီးပေါ်ကနေ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။