နှစ်ပတ်လျှင်တစ်ကြိမ် ချိန်း ဆိုပေးရန် အတိုင်ပင်ခံပုဂ္ဂိုလ်၏ လျှောက်ထားခဲ့မှုအား တရားရုံးက ပယ်ချ
ကျန်းမာရေးထိခိုက်လာနိုင်သဖြင့် ရုံးချိန်းများကို နှစ်ပတ်လျှင်တစ်ကြိမ် ချိန်း ဆိုပေးရန် အတိုင်ပင်ခံပုဂ္ဂိုလ်၏ လျှောက်ထားခဲ့မှုအား တရားရုံးက ပယ်ချ
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ကျန်းမာရေးထိခိုက်လာနိုင်သဖြင့် ၎င်း၏ ရုံးချိန်းများကို နှစ်ပတ်လျှင်တစ်ကြိမ် ချိန်း ဆိုပေး ရန် လျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့ကြောင်း သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် Legal Defence Team မှ ရှေ့နေတစ်ဦးက ပြောကြားခဲ့ပါတယ်။