မန္တလေးမြို့တွင် Covid စစ်ဆေးရေးဂိတ်တစ်ခု၌ ဗုံးသုံးလုံးပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာများရရှိကာ ရာအိမ်မှူးတစ်ဦး သေဆုံး
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းရှေ့ ၁၉ လမ်း၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြားရှိ Covid-19 စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာများရရှိကာ ရာအိမ်မှူးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။