YMBA အသင်းရုံးချုပ် လက်လုပ်ဗုံးဖြင့်အပစ်ခံရပြီး ပုဇွန်တောင်ရဲစခန်း၊ ရန်ကုန်စာတိုက်ကြီးအနီးနှင့် ယာဉ်ထိန်းရဲကင်းတို့တွင် ပေါက်ကွဲမှုဖြစ်ပွား
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ရုံးချုပ် လက်လုပ်ဗုံးဖြင့်အပစ်ခံရပြီး ပုဇွန်တောင်မြို့နယ်ရဲစခန်း၊ ရန်ကုန်စာတိုက်ကြီးအနီးနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းတို့တွင် ဩဂုတ် ၁၀ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုအသီးသီးဖြစ်ပွားခဲ့ကြောင်း သိရသည်။