တာလီဘန်သည်အာဖဂန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ကိုက်ညီမှုမရှိဟုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

တာလီဘန်သည်အာဖဂန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ကိုက်ညီမှုမရှိဟုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော
Published 26 June 2021

တာလီဘန်၏လုပ်ရပ်များသည် အာဖဂန်နစ္စတန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ကိုက်ညီမှုမရှိဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ပြောကြား

တာလီဘန်ဟာ အာဖဂန်ပဋိပက္ခအဆုံးသတ်ရေးကို အလေးအနက်ထားခြင်းရှိ/မရှိဆိုတာ ဝါရှင်တန်က စဉ်းစားချင့်ချိန် နေတယ်လို့ ဇွန် ၂၅ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်က ပြောကြားလိုက်ပြီး တာလီဘန်အနေနဲ့ နိုင်ငံကို အင်အားသုံးပြီး ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဆိုခဲ့ပါတယ်။