မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာလမ်းကြောင်းများဖွင့်ပေးရန် တပ်မတော်ခေါင်းဆောင်များအား ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် မေတ္တာရပ်ခံ
ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မြန်မာနိုင်ငံမှာ အိမ်ရာစွန့်ခွာပြေးနေရသူတွေ၊ စားနပ်ရိက္ခာလိုအပ်နေသူတွေဆီ အကူအညီရောက်ရှိရေးကိုခွင့်ပြုပေးဖို့နဲ့ ဘာသာရေးအထွတ်အမြတ်နေရာ တွေကို လေးစားဖို့ ဇွန်၂၀ရက်မှာ ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ကမြန်မာ့တပ်မတော်ခေါင်းဆောင်တွေထံမေတ္တာရပ်ခံလိုက်ပါတယ်။