နွေရာသီအပူလှိုင်းကျရောက်စဉ် ကယ်လီဖိုးနီးယားပြည်နယ်၏ Death Valley တွင် အပူချိန် ၁၂၉ဒီဂရီဖာရင်ဟိုက် (၅၄ဒီဂရီဆယ်လ်စီယပ်)ကိုရောက်ရှိခဲ့
ချစ်ချစ်တောက်ပူပြင်းတဲ့ရာသီဥတုဟာ ဇွန်၁၆ ရက်မှာ အမေရိကန်ပြည်ထောင်စုရဲ ့အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းဒေသတွေကို မီးကင်ထားသလိုဖြစ်နေတာကြောင့် စံချိန်ချိုးအောင်ပူတဲ့နေရာမှာနာမည် ကြီးတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ Death Valley ကအပူချိန်ဟာ အခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ၁၂၉ဒီဂရီဖာရင်ဟိုက် (၅၄ဒီဂရီဆယ်လ်စီယပ်)ကိုရောက်ရှိခဲ့တယ်လို့သိရပါသည်။
Death Valley မှာ မှတ်တမ်းတင်ခဲ့တဲ့ အမြင့်ဆုံးအပူချိန်ကတော့ ၁၉၁၃ခုနှစ်က ၁၃၄ဒီဂရီဖာရင်ဟိုက် (၅၇ဒီဂရီဆယ်လ်စီယပ်)ဖြစ်တယ်လို့ဆိုပါတယ်။