တရုတ်၏ ခြိမ်းခြောက်မှုများကိုအခိုင်အမာတုံ့ပြန်ရင်ဆိုင်သွားရန် နေတိုး ထိပ်သီးအစည်းအဝေးတွင် သမ္မတဘိုင်ဒန် တိုက်တွန်း

တရုတ်၏ ခြိမ်းခြောက်မှုများကိုအခိုင်အမာတုံ့ပြန်ရင်ဆိုင်သွားရန် နေတိုး ထိပ်သီးအစည်းအဝေးတွင် သမ္မတဘိုင်ဒန် တိုက်တွန်း
Published 16 June 2021

တရုတ်ရဲ့ ရန်လိုတဲ့ မူဝါဒတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုတွေကိုအတူလက်တွဲရင်ဆိုင်သွားဖို့ နေတိုးစစ်မဟာမိတ်အုပ်စုခေါင်းဆောင်တွေကဇွန်လ ၁၄ ရက်နေ့မှာကတိပြုခဲ့ကြပြီး နိုင်ငံတကာဥပဒေတွေကိုမထီမဲ့မြင်ပြုနေမှု အတွက်လည်း ရုရှားကိုသတိပေးခဲ့တယ်လို့ သိရပါတယ်။