ဖိလစ်ပိုင်၏ မူးယစ်နှိမ်နင်းရေးလှုပ်ရှားမှုအပေါ် ICC စစ်ဆေးမှုကို ဖိလစ်ပိုင်ဘက်မှ ပူးပေါင်းမည် မဟုတ်ဟု တုံ့ပြန်
ဖိလစ်ပိုင်ရဲ့ ပြင်းထန်တဲ့ မူးယစ်နှိမ်နင်းရေးလှုပ်ရှားမှုတွေအပေါ် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး(ICC)က စစ်ဆေးမှုကို သမ္မတ ဒူတာတေးဘက်က ပူးပေါင်းမှာ မဟုတ်ဘူးလို့ သမ္မတပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၁၅ ရက်နေ့မှာ တုံ့ပြန်ခဲ့ပါတယ်။