ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာလုပ်သားများအား မေလ ၃၁ ရက်နေ့ မှစ၍ ပြည်ဝင်ခွင့် ဆိုင်းငံ့ရန် တင်ပြထား
ထိုင်း နိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်းပျံ့နှံ့မှု မြန်ဆန်များပြားလာတဲ့အပြင် ထိုင်းပြန်မြန်မာလုပ်သားတွေမှာ Covid19 positive တွေ့ရှိမှု နေ့စဉ် ရှိလာတာကြောင့် နေရပ်ပြန်လက်ခံကြိုဆိုရေးကိုဆိုင်းငံ့ထားရန်တင်ပြထားတယ်လို့ သိရပါတယ်။