သင်္ဃန်းကျွန်းမြို့နယ်တွင် မင်္ဂလာဆောင်လက်ဖွဲ့ဖွင့်ဖောက်နေစဉ် လက်ဖွဲ့ အထုပ်မှ ပေါက်ကွဲမှုဖြစ်ပွားပြီး သတို့သမီးအပါအဝင် သုံးဦး သေဆုံး
သင်္ဃန်းကျွန်းမြို့နယ် ဇေယျသုခလမ်းရှိ တိုက်ခန်းတစ်ခန်းမှာ မင်္ဂလာဆောင် လက်ဖွဲ့ဖောက်နေစဉ် လက်ဖွဲ့အထုပ်မှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သတို့သမီးအပါအဝင် သုံးဦးသေဆုံးမှု မေလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။