နယူးဒေလီတွင် လေးမိနစ်တိုင်း ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူ တစ်ဦးရှိနေပြီး အိန္ဒိယ တစ်နိုင်ငံလုံးတွင် သေဆုံးသူ မြင့်တက်
အိန္ဒိယရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁၈ သန်းကျော်သွားချိန်မှာ နယူးဒေလီက ဆေးရုံတွေဟာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေ စုပြုံရောက်လာတဲ့ ပြဿနာနဲ့ရင်ဆိုင်နေရပြီး ဧပြီ ၂၉ ရက် တစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့အများဆုံးသေဆုံးမှုအဖြစ် ၃၆၄၅ ဦး သေဆုံးခဲ့တယ်လို့အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။