နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ကိုးဦး၊ပြန်ကြားရေးဝန်ကြီးနှင့် တပ်မတော်လက်အောက်ရှိ ကုမ္ပဏီနှစ်ခုကို ဥရောပသမဂ္ဂမှ အရေးယူပိတ်ဆို့
လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ကိုးဦး၊ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင်နဲ့ တပ်မတော်ထိန်းချုပ်မှုအောက်ရှိ စီးပွားရေးလုပ်ငန်းနှစ်ခုကို ပိတ်ဆို့အရေးယူကြောင်း ဥရောပသမဂ္ဂ(အီးယူ)က ဧပြီလ ၁၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။