ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ရန်ကုန်မြို့၌ တရားစွဲဆိုထားသောအမှုအတွက် ရှေ့နေပါဝါရရှိခြင်း မရှိသေး
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁) ဂ နဲ့ ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုထားတဲ့အမှုအတွက် ရှေ့နေပါဝါရရှိခြင်းမရှိသေးဘူးလို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွှန့်က ပြောပါတယ်။