ရိုင်အိုလာအကြောင်းတွေးကြည့်တဲ့အခါ စူ ပါအေးဂျင့်တစ်ဦးဆိုပြီး ခေါင်းထဲအရင်ဆုံးရောက် လာမယ်။ ပြီးရင် အငြင်းပွားဖွယ်ရာပြောဆိုလုပ် ဆောင်မှုတွေနဲ့ ပြည့်နှက်နေသူတစ်ဦး၊ ဘောလုံး ကမ္ဘာကို လွှမ်းမိုးချင်သူတစ်ဦးဆိုပြီး တွေးမိလာ လိမ့်မယ်။ ခပ်ရိုင်းရိုင်းပြောရရင် သူဟာ အတ္တကြီး ပြီး အာဏာရှင်ဆန်သူတစ်ဦးပါပဲ။ ရိုင်အိုလာရဲ့ စိတ်ကူးတွေဟာ သူ့အတ္တကို အမြဲတမ်းလိုလို အ ခြေခံတယ်။ သူ့ရဲ့ ကစားသမားတွေကသာ ကမ္ဘာ့ အကောင်းဆုံးကစားသမားလို့ ထင်နေတတ် တယ်။ ဒါဟာ ကစားသမားတွေအပေါ် လေးစား တန်ဖိုးထားတာမျိုးမဟုတ်ဘူး။ သူ့ရဲ့ ကိုယ်ကျိုး စီးပွားအတွက်ရည်ရွယ်ပြီး ကိုယ့်ငါးချဉ် ကိုယ်ချဉ် နေတာမျိုးပါပဲ။ ရိုင်အိုလာရဲ့ အတိတ်ကိုပြန်ကြည့် လိုက်ရင် ကစားသမားတွေရဲ့ ဆန္ဒ၊ ကစားသမား တွေကို ပိုင်ဆိုင်ထားတဲ့အသင်းတွေရဲ့ ဆန္ဒထက် သူ့ရဲ့ ဆန္ဒ၊ သူ့ရဲ့အတ္တကို ဦးစားပေးခဲ့တာချည်းပဲ။
ဟော်လန်းနဲ့ ပေါ့ဘာဟာ စူပါအေးဂျင့် ရိုင်အိုလာရဲ့ နယ်ရုပ်လေးတွေလား
Most Viewed
Most Recent
1 hour ago
1 day ago
2 days ago
3 days ago
3 days ago
1 week ago
1 week ago









