NLD ပါတီအဖွဲ့ချုပ်ရုံး ဖောက်ထွင်းခံရမှု သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်း၊ တရားလိုထံမှ ထွက်ဆိုချက်ယူခြင်းများ မပြုလုပ်သေးသည့်အတွက် စစ်ဆေးအရေးယူပေးရန် စာပို့တိုင်ကြားသွားမည်ဟုဆို
ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ် ရုံးဖောက်ထွင်းခံရမှု သက်သေခံပစ္စည်းတွေ သိမ်းဆည်းခြင်း၊ တရားလိုထံမှ ထွက်ဆိုချက်ယူတာတွေ မပြုလုပ်သေးတဲ့အတွက် စစ်ဆေးအရေးယူပေးဖို့ ခရိုင်၊ တိုင်းမှတဆင့် ပြည်ထဲရေးဝန်ကြီးဌာနအထိ အဆင့်ဆင့် စာပို့တိုင်ကြားသွားမှာ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လည် ၂ နာရီက NLD ပါတီရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။