AstraZeneca ကိုဗစ်ကာကွယ်ဆေးကို အသက် ၆၅ နှစ်ကျော်သူတွေ မထိုးဖို့ဂျာမနီသတ်မှတ်

AstraZeneca ကိုဗစ်ကာကွယ်ဆေးကို အသက် ၆၅ နှစ်ကျော်သူတွေ မထိုးဖို့ဂျာမနီသတ်မှတ်
Published 30 January 2021

 

ဗြိတိန်-ဆွီဒင်ဆေးကုမ္ပဏီ AstraZeneca မှထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို အသက် ၆၅ နှစ်အောက်လူတွေကိုသာ ထိုးပေးသင့်တယ်လို့ ဂျာမနီနိုင်ငံရဲ့ ကာကွယ်ဆေးကော်မတီက သတိပေးနေပါတယ်။အကြောင်းရင်းကတော့ သက်ကြီးပိုင်းတွေမှာ AstraZeneca ဆေးရဲ့ထိရောက်မှုကဘယ်လိုဆိုတဲ့ အထောက်အထားအလုံအလောက်မရှိသေးတာကြောင့်လို့ သိရပါတယ်။